search
ယခုလျှောက်ထားရန်
62237

Supporting Officer

Company Profile 

The Myanmar Red Cross Society (MRCS) is the largest humanitarian organization in the country with presence in all 330 townships. As a volunteer-based organization, MRCS provides several humanitarian services to vulnerable populations throughout the country. The status of MRCS as an auxiliary to the government in humanitarian work is articulated in the Myanmar Red Cross Law which was last revised in August 2015. Since the revision of the MRCS law, an organizational development process has been initiated in MRCS to adjust the organization’s structure and ways of working to reflect the current legal base and changed operational context.

The vision of MRCS is to be a well-functioning National Society with the capacity to provide humanitarian services to vulnerable people in Myanmar and beyond.

The mission of MRCS is to develop safe and resilient communities through integrated community-based initiatives, promoting humanitarian values by resourceful branches and through a network of volunteers and members. The Myanmar Red Cross also plays an auxiliary role to the state within the humanitarian context.

Myanmar is in a process of rapid change, with the country demonstrating a highly complex operating environment for resilience programming. Most of the externally-supported MRCS projects’ focus on conflict/post-conflict settings and hazard-prone areas, including the Ayeyarwady Delta, the South-East, Rakhine and Kachin State and Yangon. These areas are where most community-based projects are being implemented. Concurrently, MRCS also has a countrywide network of regional/state and township branches with core services delivered through its brigade volunteers. Such core services/activities include blood services, First Aid training and provision, disaster response and humanitarian services.

MRCS relies on grants from national and international partners, donors and the Red Cross Movement. In addition, it accesses funding through its commercial income-generating activities, including trainings in first aid, its printing press, office rental and donation boxes, which are present in key locations throughout the country.

နောက်ထပ်

အလုပ်လျှောက်လွှာခေါ်ယူခြင်း

ရာထူးအမည်         : အထောက်အကူပြုအရာရှိ   

 


အရေအတွက်         : (၁) ဦး


အစီရင်ခံတင်ပြမှု         : ဌာနမှူး(စီမံရေးရာ)


ဌာန         : စီမံရေးရာဌာန


တာဝန်ကျရာနေရာ         :    ကျိုင်းတုံ


Grade         :     D1


အကျိုးခံစားခွင့်များ     :    လစာ + နေထိုင်စရိတ် + ကိုယ်ခန္ဓာထိခိုက်မှုနှင့်ရောဂါဘယ အာမခံ + လုပ်ငန်းတွင်းသင်တန်းများ + ခရီးသွားစားရိတ် + ရှောင်တခင်ခွင့် + ကူးစက်ရောဂါကာကွယ်ခွင့် + လုပ်သက်ခွင့် + ဆေးလက်မှတ်ခံစားခွင့် + မီးဖွားခွင့် + အစားထိုးခံစားခွင့်


လျှောက်လွှာပိတ်ရက်         :    ၂၁.ဝ၂.၂၀၂၀၊ (၁၆:၃၀)နာရီ


မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရန်ကုန်ရုံးခွဲရှိ ဌာန(၁၂)ခု နှင့် ယူနစ်(၁)ခုတွင် စီမံရေးရာဌာနသည် တစ်ခုအပါအဝင်ဖြစ်ပါသည်။ စီမံရေးရာဌာနကို အဓိကအားဖြင့် ဌာနစိတ်(၄)ခုဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါဌာနစိတ်(၄)ခုမှာ အဆောက်အဦဌာနစိတ်၊ မော်တော်ယာဉ် ဌာနစိတ်၊ လုံခြုံရေးဌာနစိတ်၊ သန့်ရှင်းရေးဌာနစိတ်တို့ဖြစ်ပြီး၊ IT Unit ကိုလည်း တာဝန်ယူထား ရပါသည်။ စီမံရေးရာဌာနသည် ဌာနများ၏ရုံးလုပ်ငန်းများစနစ်တကျရှိရေး၊ ဝန်ထမ်းများ အဆင် ပြေစွာနေထိုင်၊ စားသောက်၊ သွားလာနိုင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။


အထောက်အကူပြုအရာရှိသည် တိုင်းဒေသကြီး/ ပြည်နယ်ကြက်ခြေနီကြီးကြပ်ကော်မတီ၏ ရုံးလုပ်ငန်း များကို စနစ်တကျ ဆောင်ရွက်နိုင်စေရန်ဖြစ်သည်။ အထောက်အကူပြုအရာရှိများကို တိုင်းဒေကြီး/ ပြည်နယ်များတွင်ခန့်ထားခြင်းဖြင့် ကြက်ခြေနီအသင်းဌာနချုပ်နှင့်အသင်းခွဲများအကြား၊ တိုင်းဒေသကြီး/ ပြည်နယ်ကြက်ခြေနီဆက်သွယ်ရေး ကွန်ယက်တည်ဆောက်နိုင်ရန်၊ သတင်းအချက်အလက်များ အချိန်မီရရှိစေရန်နှင့် တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးစေရန် ရည်ရွယ် ပါသည်။


လုပ်ငန်းတာဝန်များ


ရုံးလုပ်ငန်းများ ဆောင်ရွက်ခြင်း


(၁)    သုံးလပတ်လုပ်ငန်းများဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Plan of Action)ကိုပြုစု၍ ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌဌ၏ အတည်ပြုချက်ရယူပြီး ဌာနချုပ် စီမံရေးရာဌာန ညွှန်ကြားရေးမှူးထံသို့ ပေးပို့ ရမည်။


(၂)    စာဝင်၊ စာထွက်များကို မှတ်ပုံတင်စာအုပ်ဖြင့် ထိန်းသိမ်းခြင်း၊ ကြီးကြပ်ကော်မတီဥက္ကဌသို့ အချိန်နှင့် တပြေးညီတင်ပြခြင်း၊ မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်း စသည်တို့ကို ဆောင်ရွက်ရမည်။


(၃)    အစည်းအဝေးများ၊ အခမ်းအနားများ ပြုလုပ်ရန် စိစဉ်ပေးခြင်းနှင့် အစည်းအဝေးမှတ်တမ်းရေးသား ၍ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဌ၏ အတည်ပြုချက်ရယူပြီး ဖြန့်ဝေခြင်း၊ ဆုံးဖြတ်ချက်များအား ဆောင်ရွက်ခြင်း၊ မှတ်တမ်းထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ရမည်။


(၄)    ကြီးကြပ်ကော်မတီ ဥက္ကဋ္ဌဌ၏လမ်းညွှန်ကြီးကြပ်မှုဖြင့် တပ်ဖွဲ့ရေးရာကိစ္စရပ်များကို ဆောင်ရွက်ရ မည်။


(၅)    ကြက်ခြေနီအခမ်းအနားများနှင့် သင်တန်းများ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ပေးရမည်။


(၆)    ဌာနချုပ်မှ တိုင်းဒေသကြီး/ပြည်နယ်များတွင် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဝန်ထမ်း ရွေးချယ်မှုများ ပြုလုပ်ရန်အတွက် ကူညီဆောင်ရွက်ပေးရမည်။


(၇)    ဌာနချုပ်သို့ ပုံမှန်တင်ပြရမည့် အစီရင်ခံစာများ၊ ဌာနချုပ်မှတောင်းခံသည့် အစီရင်ခံစာနှင့် အချက် အလက်များ၊ ပိုင်ဆိုင်ပစ္စည်းကိစ္စရပ်များ၊ ငွေကြေးကိစ္စများ၊သိုလှောင်ရုံကိစ္စများ စသည်တို့ကို အချိန် နှင့် တပြေးညီပြုစု၍ ကြီးကြပ်မှုကော်မတီ လက်မှတ်ရေးထိုးရန် တင်ပြခြင်းနှင့် ပေးပို့ခြင်းတို့ကို ဆောင်ရွက်ရမည်။


(၈)    ဌာနချုပ်မှ ပေးပို့သည့် အကြောင်းကြားစာများ၊ ကြော်ငြာများကို မြို့နယ်များသို့ ဖြန့်ဝေရမည်။


(၉)    တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး(တိုင်းဒေသကြီး/ ပြည်နယ်တပ်ဖွဲ့မှူး)နှင့်ပူးပေါင်းဆောင်ရွက်ပြီး ဥက္ကဋ္ဌဌဦးဆောင်သော ကြီးကြပ်မှုကော်မတီကို တာဝန်ခံရမည်။


(၁၀)    တိုင်းဒေသကြီး/ပြည်နယ်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဌထံသို့စာများတင်ပြရာတွင် ကြီးကြပ်မှု ကော်မတီအတွင်းရေးမှူးထံမှတဆင့် တင်ပြရမည်။


စာရင်းဇယားများ ထိန်းသိမ်းခြင်


(၁၁)    ကြက်ခြေနီအသင်းဝင်အမျိုးအစား(၃)မျိုးလုံး၏ စာရင်းများနှင့် စေတနာလုပ်အားရှင်များ၏စာရင်း များကို မှတ်တမ်းပြုစု ထိန်းသိမ်းရမည်။


(၁၂)    ကြက်ခြေနီလူငယ်ကော်မတီစာရင်းများကို မှတ်တမ်းတင် ထိန်းသိမ်းထားရမည်။


(၁၃)    အသင်းမှဆောင်ရွက်လျက်ရှိသည့်သွေးလှူဒါန်းခြင်းများနှင့်သွေးလှူရှင်စာရင်းများကိုမှတ်တမ်းတင် ထိန်းသိမ်းထားရမည်။


(၁၄)    ကြီးကြပ်ကော်မတီ၏ ဘဏ္ဍဍာရေးဆိုင်ရာ စာရင်းဇယားများကို ဘဏ္ဍဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်း နှင့်အညီ ပြုစုထိန်းသိမ်းရမည်။


(၁၅) အသင်းပိုင်အဆောက်အဦများနှင့် ပစ္စည်းများကိုစာရင်းပြုစုထိန်းသိမ်းရမည်။


(၁၆)    စာရင်းဇယားမှတ်တမ်းစသည်များအား ကွန်ပျူတာဖြင့်ထိန်းသိမ်း၍ (Data Backup)ပြုလုပ်ရမည်။


အစီရင်ခံတင်ပြခြင်း


(၁၇) လစဉ်ဘဏ္ဍဍာရေးရှင်းတမ်းကို သတ်မှတ်ရက်အတွင်းပြုစု၍ ကြီးကြပ်မှုကော်မတီ အစည်းအဝေးသို့ တင်ပြအတည်ပြုချက်ရယူပြီး စီမံရေးရာဌာနမှတဆင့် ဌာနချုပ်ရှိ ဘဏ္ဍဍာရေးဌာနသို့ ပေးပို့ရမည်။


(၁၈)    လစဉ်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဌ၏ အတည်ပြုချက်ရယူ၍ ဌာနချုပ် စီမံရေးရာဌာနသို့ သတ်မှတ်ရက်အတွင်းပေးပို့ရမည်။


(၁၉)    မြို့နယ်အသင်းခွဲများ၏ လှုပ်ရှားမှု၊ဆောင်ရွက်မှုများကို သုံးလတစ်ကြိမ်စုစည်း၍ ကြီးကြပ် ကော်မတီမှတဆင့် ဌာနချုပ် စီမံရေးရာဌာနသို့ ပေးပို့ရမည်။


(၂၀)    ရုံးပိုင်ပစ္စည်းစာရင်းများကို စာရင်းချုပ်ပြုလုပ်၍ ကြီးကြပ်ကော်မတီ ဥက္ကဋ္ဌဌ၏အတည်ပြုချက် ရယူပြီး ဌာနချုပ် စီမံရေးရာဌာနသို့ ပေးပို့ရမည်။


ညှိုနှိုင်းဆောင်ရွက်ခြင်း


(၂၁)    လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်(Plan of Action)ကို ပြုစု၍ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဌ၏ အတည်ပြုချက်ရယူပြီး ဖြန့်ဝေခြင်း၊ ဆုံးဖြတ်ချက်များအား ဆောင်ရွက်ခြင်း၊ မှတ်တမ်းထိန်းသိမ်း ခြင်းတို့ကို ဆောင်ရွက်ရမည်။


(၂၂)    လုပ်ငန်းများအဆင်ပြေချောမွေ့စေရေးအတွက် ဒေသတွင်းအစိုးရဌာနများ၊ အခြားအသင်းအဖွဲ့ များနှင့် ချိတ်ဆက်ဆောင်ရွက်ရမည်။


အထွေထွေ


(၂၃)    အသင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကိုတာဝန်ထပ်မံပေးအပ်ပါက လိုလားစွာလုပ်ဆောင် ရမည်။


လိုအပ်သောအရည်အချင်းများ
•    မြန်မာနိုင်ငံသားဖြစ်ရမည်။
•    အသက် ၅၀ နှစ်အောက်ဖြစ်ရမည်။


•    အသိအမှတ်ပြုတက္ကသိုလ်တခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည်။


•    ရုံးလုပ်ငန်းများအတွေ့အကြုံရှိပြီး ကွန်ပျူတာဖြင့်ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရမည်။


•    နေရာဒေသမရွေး ခရီးသွားလာနိုင်သူဖြစ်ရမည်။


•    ဒေသ၊ ဓလေ့ထုံးစံများကို လေးစားသူဖြစ်ရမည်။


•    ဒေသခံဘာသာစကားတတ်ကျွမ်းသူများကို ဦးစားပေးပါမည်။


စိတ်ပါဝင်စားသူများသည် ကိုယ်ရေးရာဇဝင်နှင့်အတူ လိုအပ်သောအထောက်အထား မိတ္တူ/ PDF Version ဖြင့် ပြည့်စုံစွာပေးပို့လျှောက်ထားမှသာလျှင်ထည့်သွင်းစဉ်းစားမည်ဖြစ်ပါသည်-
မြန်မာနိုင်ငံကြက်ခြေနီအသင်း         မြန်မာနိုင်ငံကြက်ခြေနီအသင်း
ရုံးချုပ်                        ရုံးခွဲ
ရာဇသင်္ဂ࿿ဟလမ်းမကြီး၊ ဒက္ခိဏသီရိမြို့၊    အမှတ်(၄၂)၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ နေပြည်တော်။                     ရန်ကုန်။
 (သို့မဟုတ်) mrcshrrecruitment@redcross.org.mm သို့လိပ်မူကာ ပေးပို့ရမည်။
အသေးစိတ်အချက်အလက်များအား www. redcross.org.mm တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
                                          လူတွေ့စစ်မေးခြင်းရွေးချယ်ခံရသူကိုသာ အကြောင်းကြားမည်ဖြစ်ပါသည်။


Home Home Search Search Recomended Recommended Saved Saved Profile Login