Sales Promoter M/F (9) Posts

Nibban Electric and Electronics

NIBBAN Electric & Electronics လုပ်ငန်းကို လုပ်ငန်းရှင် ဦးသိန်းကြည်မှ 1972ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ပထမဦးဆုံးထုတ်ကုန်အဖြစ် ဗဟိုလျှပ်တာပြောင်းစက်ကို 1972ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပါသည်။ 1975ခုနှစ်တွင် ဗဟို ဘတ်ထရီသုံး မီးချောင်းချုပ်နှင့် ဗဟိုဘတ်ထရီအားသွင်းစက်၊ 1978ခုနှစ်တွင် ဗဟိုမီးအားမြှင့်စက်၊ 1984ခုနှစ်တွင် NIBBAN TV ANTENNA ၊ 1994ခုနှစ်တွင် NIBBAN SAFEGUARD ၊ 1997ခုနှစ်တွင် ဗဟိုအင်ဗာတာ ၊ 2000ပြည့်နှစ်တွင် TV ANTENNA BOOSTERများကို ထုတ်လုပ်ခဲ့ပါသည်။


2004ခုနှစ် မတ်လ 20ရက်နေ့တွင် လုပ်ငန်း၏အမည်ကို ရွှေဗဟိုစက်မှုလုပ်ငန်းမှ NIBBAN Electric & Electronics သို့ ပြောင်းလဲခဲ့ပါသည်။ ထိုနှစ်တွင်ပင် နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ဖြစ်သော ISO9001:2000 လက်မှတ်ရရှိခဲ့ပါသည်။


2006ခုနှစ်တွင်NIBBANအမှတ်တံဆိပ်ဖြင့် မီးအားမြှင့်စက်အမျိုးမျိုးနှင့် အင်ဗာတာအမျိုးမျိုးတို့ကို တိုးချဲ့ထုတ်လုပ်ခဲ့ပါသည်။


2008ခုနှစ်တွင် Digital ရုပ်သံလိုင်းများကို ဖမ်းယူကြည့်ရှုနိုင်သော Digital TV Set-top Box နှင့် Antenna များကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး ထုတ်လုပ်ဖြန့်ဖြူးနိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံ၏ ရုပ်သံဖမ်းယူမှုဆိုင်ရာ ပစ္စည်းများထုတ်လုပ်ရောင်းချသည့် လုပ်ငန်းနယ်ပယ်တွင် ဈေးကွက်ဦးဆောင် အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့ပါသည်။


2009ခုနှစ်တွင် Color TV ၊ DVD/EVD ဖွင့်စက်များ ၊ အသံချဲ့စက်နှင့် Speakerများ ၊ Infrared Cooker ၊ Air Cooler ၊ Hot & Cold Water Dispenser ၊ လျှပ်စစ်ပန်ကာ ၊ လျှပ်စစ်ထမင်းပေါင်းအိုးများ ၊ အိမ်သုံးနှင့် လုပ်ငန်းသုံး Online UPS များကို တိုးချဲ့ဖြန့်ဖြူးခဲ့ပါသည်။


2010ခုနှစ်တွင်Air Conditioner ၊ ရေခဲသေတ္တာ ၊ Chest Freezer နှင့် LCD TVများကိုပါ တိုးချဲ့ဖြန့်ဖြူး ရောင်းချခဲ့ပါသည်။


2011ခုနှစ်တွင် မီးဖိုချောင်သုံး လျှပ်စစ်ပစ္စည်းများဖြစ်သော Ceramic Cooker (ဒုတိယမျိုးဆက် Infrared Cooker) ၊ Induction Cooker (လျှပ်စစ်သံလိုက်မီးဖို) ၊ Electric Frying Pan (အကြော်အိုး) ၊ Coffee Maker (ကော်ဖီဖျော်စက်) ၊ Bread Toaster (ပေါင်မုန့်ကင်စက်) ၊ Electric Blender (သစ်သီးဖျော်စက်) များကို တိုးချဲ့ဖြန့်ဖြူးခဲ့သလို အိမ်သုံးလျှပ်စစ်ပစ္စည်းများဖြစ်သော Electric Termo Pot (လျှပ်စစ်ဓါတ်ဘူး) ၊ Electric Colth Dryer(အ၀တ်ခြောက်စက်) နှင့် Hair Dryer (ဆံပင်လေမှုတ်စက်) များအပြင် Foldable TV Antenna (ခေါက်အင်တင်နာ) အသစ်တစ်မျိုးကိုပါ
တိုးချဲ့ထုတ်လုပ် ဖြန့်ဖြူးရောင်းချခဲ့ပါသည်။


2012ခုနှစ်တွင် စင်မြင့်ဖျော်ဖြေရေးသုံး စပီကာဘောက်(စ်)နှင့် အသံချဲ့စက်များ ၊ ခြင်ဖမ်းစက်များကို တိုးချဲ့ဖြန့်ဖြူးခဲ့ပါသည်။


2013 ခုနှစ်တွင် Digital Tuner ပါသော LED TV, Multi Function Cooker များကို တိုးချဲ့ဖြန့်ဖြူးခဲ့ပါသည်။


2014 ခုနှစ်တွင် Air Fryer, Electric Grill, Pressure Cooker နှင့် Solar Lighting Products များကို တိုးချဲ့ဖြန့်ဖြူးခဲ့ပါသည်။


2014 ခုနှစ်တွင် အာဆီယံအင်ဂျင်နီယာအဖွဲ့ချုပ်မှ ချှီးမြှင့်သော အာဆီယံအင်ဂျင်နီယာဆိုင်ရာထူးချွန်ဆုကို ရရှိခဲ့ပါသည်။


2015ခုနှစ်တွင်ပြည်ထောင်စုသမ္မတကြီးမှချီးမြှင့်သောနိုင်ငံတော်စွမ်းဆောင်ရည်ဆုထူးချွန်အလတ်စားစီးပွားရေး
လုပ်ငန်းရှင်ဆု(ကုန်ထုတ်လုပ်မှု)တတိယဆုရရှိခဲ့ပါသည်။

  East Dagon,  Yangon    21 February 2019
Job Reference: MJ1476695499311
  •  အသက်(၁၈~၂၅) နှစ် ဖြစ်ရမည်။ (၁၀)တန်းအောင် (သို့) တက္ကသိုလ်တစ်ခုခုမှဘွဲ့ရ ဖြစ်ရမည်။
  •  ရုပ်ရည်သန့်ပြန့်၍အရောင်းကိုစိတ်ဝင်စားပြီး သွက်လက်ဖြတ်လတ်သူဖြစ်ရမည်။
  • Shopping Center များနှင့် Promotion ပွဲများတွင် တာဝန်ထမ်းဆောင်ရမည်။
  • အရောင်းလုပ်ငန်းအတွေ့အကြုံအနည်းဆုံး (၁)နှစ်ရှိရမည်။
  • လူအများနှင့်စကားပြောဆိုဆက်ဆံရေးအထူးကောင်းမွန်ပြီး မိမိ၏ Product အားစိတ်ရှည်စွာ ရှင်းလင်း ပြောဆိုနိုင်ရမည်။
  • အရှေ့ဒဂုံစက်မှုဇုန်တွင်တာဝန်ထမ်းဆောင်နိုင်ရမည်။


သင် မိတ်ဆွေများကို ပြန်လည် မျှဝေရန်