New World Mart

1989ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော New World Mart သည် မြန်မာနိုင်ငံ၏ ပရိဘောဂ နှင့်
မီးဖိုချောင်သုံးပစ္စည်းများ ထုတ်လုပ်ဖြန့်ချိသော အကြီးစားကုမ္ပဏီများတွင် တစ်ခုအပါအ၀င်ဖြစ်သည်။ မီးဖိုချောင်သုံး ပစ္စည်းများအပါအ၀င် အရည်အသွေး ကောင်းမွန်သော ရုံးသုံး ၊ အိမ်သုံးပရိဘောဂများကို အဓိကဖြန့်ချိပေးပါသည်။


စတင်ဖြန့်ဖြူးချိန်တွင် ထိုင်းနိုင်ငံမှ ထုတ်လုပ်သောကုန်ပစ္စည်းများကို အဓိကတင်သွင်းခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ပထမဆုံးတင်သွင်းရောင်းချသောကိုယ်စားလှယ်ဖြစ်ပါသည်။ ယခုအချိန်တွင် အခြားကုန်သွယ်ဖက်နိုင်ငံများဖြစ်သော ထိုင်း ၊စင်ကာပူ ၊ ဗီယက်နမ် ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ အိန္ဒိယ နှင့် တရုတ်စသော နိုင်ငံများမှထုတ်ကုန်များကို တင်သွင်းဖြန့်ချိလျက်ရှိပါသည်။ ၀ယ်ယူသူများ စိတ်ကျေနပ်မှု   ရရှိစေရန် အကောင်းဆုံးသော အရည်အသွေးနှင့် နှုန်းထားကိုအဓိကထားကာ ဖြန့်ချိပေးလျက်ရှိပါသည်။


ကျွန်ုပ်တို့ ကုမ္ပဏီအနေနှင့် 1999 ခုနှစ်တွင်လင်းလင်းသာ ကုမ္ပဏီလီမိတက်ကို ထပ်မံတိုးချဲ့ ဖွင့်လှစ်ကာ မြန်မာနိုင်ငံ၏ အကြီးဆုံး သံထည်ပရိဘောဂစက်ရုံကို တည်ထောင်နိုင်ခဲ့ပါသည်။ စက်ရုံ၏ အဓိကထုတ်ကုန်မှာ စူပါမားကတ်သုံး ပရိဘောဂအမျိုးမျိုး၊ပန်းကန်စင်၊ အ၀တ်လှန်းစင်၊ ဖိနပ်စင် နှင့် ကုတင်စသော သံဖြင့်ပြုလုပ်သာ ပရိဘောဂများဖြစ်ပါသည်။ New World Mart အနေဖြင့် ရှေ့ဆက်ပြီး လုပ်ငန်းများကို စစ်မှန်သော မိတ်ဆွေများနှင့်ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Chinese Transalator Yangon  Do You want a reminder about this job in a 7 days? လျှောက်ထားရန်
Sales Promoter Yangon  Do You want a reminder about this job in a 7 days? လျှောက်ထားရန်
Sales Promoter Yangon  Do You want a reminder about this job in a 7 days? လျှောက်ထားရန်
Home Home Search Search Recomended Recommended Saved Saved Profile Login