“Discovering Your Discomfort Zones”
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့ကျသွားစေတဲ့အရာတွေက ဘာတွေဖြစ်မလဲ?
အခုပြောပြထားတဲ့အကြောင်းအရာကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့ကျသွားစေတဲ့အရာတွေကို ရှာဖွေရင်ဆိုင်ခြင်းပဲဖြစ်ပါတယ်။
ကျွန်တော်တို့အများစုမှာ ဖြစ်တတ်တဲ့အကျင့်တစ်ခုရှိတယ်။ ဘာလဲဆိုတော့ ကိုယ့်အတွက်လွယ်ကူတဲ့ Comfort Zone မှာပဲနေချင်ကြတယ်။ ကိုယ်လွယ်လွယ်ကူကူ မလုပ်နိုင်တဲ့အရာတွေကိုတော့ ကြိုးစားရင်ဆိုင်ပြီး လုပ်ကြည့်ဖို့ ဝန်လေးတတ်ကြတယ်။ ကြောက်တတ်ကြတယ်။ ဒါဟာ ကောင်းတဲ့အကျင့်တစ်ခုတော့ မဟုတ်ပါဘူး။
လူတစ်ယောက်နဲ့ တစ်ယောက် ကြောက်တတ်တဲ့အရာတွေ၊ ကိုယ့်အတွက် Comfortable မဖြစ်တဲ့အရာတွေက မတူနိုင်ပါဘူး။ ဥပမာ လုပ်ငန်းခွင်တစ်ခုမှာဆိုပါစို့။ အချို့က လူအများကြီးရှေ့မှာ Presentation လုပ်ရမှာကိုကြောက်ကြတယ်။ အချို့ကျတော့ ကိုယ်သိနေ၊ နားလည်နေတာတောင်မှ မလုပ်ဖူးတဲ့တာဝန်သစ်တစ်ခုကိုပေးတဲ့အခါ စမ်းလုပ်ကြည့်ဖို့ ဝန်လေးကြတယ်။
ဒီလိုနဲ့ပဲ အများစုက သူတို့ကြောက်တဲ့အရာတွေကို ရင်မဆိုင်ဘဲ ထွက်ပြေးပြီးတော့ Comfort zone မှာပဲနေနေကြတယ်။ အကျိုးဆက်အနေနဲ့ သူတို့စိတ်ထဲက ငါဒါကြီးကို မလုပ်နိုင်ပါဘူးကွာဆိုတဲ့အထိတောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေကင်းမဲ့သွားတတ်ကြတယ်။
တစ်ကယ်တော့ ကျွန်တော်တို့အားလုံးက ကိုယ့်အတွက် ဘယ်အရာတွေက Comfortable ဖြစ်လဲဆိုတာကို သိဖို့လိုအပ်သလိုပဲ ဘယ်အရာတွေကတော့ မဖြစ်ဘူးလဲဆိုတာကို သိဖို့ကလည်း အရေးကြီးပါတယ်။
ဒီလိုမသိဘူးဆိုရင်တော့ ကျွန်တော်တို့က ကိုယ့်ရဲ့ Inner Fear လို့ခေါ်တဲ့ စိတ်ထဲကအကြောက်တရားကြီးကို ဘယ်တော့မှ တိုက်ထုတ်နိုင်မှာမဟုတ်ပါဘူး။ အဲ့ဒီအကြောက်တရားကြီးကသာ အမြဲတမ်းလွှမ်းမိုးနေပြီး ကျွန်တော်တို့ရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်နိုင်မှုတွေကိုလည်း ဆွဲချသွားပါလိမ့်မယ်။